Windows Home နဲ့ Pro က ကွာပါတယ်၊ ဒါပေမယ့် Normal User တစ်ယောက်အနေနဲ့ သုံးတဲ့အခါ Home နဲ့ Pro ရဲ့ ကွာခြားမှုကို တွေ့ရမှာ မဟုတ်ပါဘူး။ တစ်ချို့ Feature တွေမှာ Pro မှာပဲ ရပြီး Home မှာ မရတာတွေ ရှိပါတယ်။ အသေးစိတ်ကို အောက်မှာ ဆက်ဖတ်ပေးပါ။
Home နဲ့ Pro ဆိုတာ Edition ကို ဆိုလိုတာပါ၊ Windows မှာ Editions တွေ အများကြီးရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ Windows Edition များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
Windows Home
Windows Pro
Windows Mobile
Windows Enterprise
Windows Pro Enterprise
Windows Enterprise LTSB
Windows Mobile Enterprise
Windows Education
Windows Pro Education
Window IoT Core
တို့ ဖြစ်ကြပါတယ်၊
အဲဒီထဲကမှာ အသုံးများဆုံး Edition (4) မျိုးကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်၊
(1) Windows 10/11 Home
စက်တစ်လုံးကို ဝယ်ယူလိုက်တဲ့အခါမှာ တစ်ခါတည်းပါလာတဲ့ License Windows သည် Home Edition အမျိုးအစားဖြစ်ပါတယ်၊ သူက တကိုယ်ရည်သုံးဖို့အတွက်နဲ့ အိမ်သုံးအတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ Edition ပဲ ဖြစ်ပါတယ်၊ ဒီ Edition မှာဆိုရင် Windows ရဲ့ Feature တွေ အားလုံးပါဝင်ပြီးတော့ Group Policy Management, BitLocker, Remote Desktop, Client Hyper-V စတဲ့ Feature တွေတော့ ပါဝင်ခြင်း မရှိပါဘူး။ License မှာဆိုရင် OEM နဲ့ Retail ဆိုပြီးတော့ (၂) မျိုးအသုံးပြုလို့ရပါတယ်။
(2) Windows 10/11 Pro
ရုံးသုံးအတွက် သင့်လျော်ပြီး လက်ရှိမှာ အသုံးအများဆုံး ဖြစ်နေတဲ့ Edition ပဲ ဖြစ်ပါတယ်၊ Pro Edition မှာဆိုရင် Home Edition မှာ မပါဝင်ခဲ့တဲ့ Group Policy Management, BitLocker, Remote Desktop, Client Hyper-V, Domain စတဲ့ Feature တွေအကုန်လုံး ပါဝင်ပါတယ်၊ License မှာဆိုရင် OEM, Retail. Volume ဆိုပြီးတော့ (၃) မျိုး အသုံးပြုလို့ရပါတယ်။
(3) Windows 10/11 Enterprise
Enterprise Edition သည် Pro ထက် ပိုစုံတဲ့ Feature တွေ ပါဝင်လာပါတယ်၊ Pro မှာ မပါခဲ့တဲ့ Windows To Go Creator, AppLocker, Direct Access, Credential Guard, Device Guard, operating system deployment and comprehensive device and app management. စတဲ့ Feature တွေ ပါဝင်လာပါတယ်၊ ဒါပေမယ့် Enterprise Edition ကို ကွန်ပျူတာတိုင်းမှာ အသုံးမပြုကြပါဘူး၊ စီးပွားရေးလုပ်ငန်းကြီးတွေမှာသာ အသုံးပြုကြပါတယ်၊ License မှာဆိုရင်လည်း Volume License (၁) မျိုးတည်းကိုသာ အသုံးပြုလို့ရပါတယ်။
(4) Windows 10/11 Education
ဒီ Edition ကတော့ ပညာရေး၊ ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ဆရာ/မ နဲ့ ကျောင်းသားတွေ အသုံးပြုဖို့ ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်ပါတယ်၊ သူ့ရဲ့ Feature တွေကတော့ Enterprise Edition နဲ့ အတူတူပဲ ဖြစ်ပါတယ်။ License မှာ Volume License (၁) မျိုးတည်းကိုသာ အသုံးပြုလို့ရပါတယ်။
ဒီလောက်ဆိုရင် Windows Edition တွေနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်သွားကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။
ကိုယ့်ရဲ့စက်မှာ Windows Home ဖြစ်နေတယ်၊ အဲဒါကို Pro ဖြစ်ဖြစ်, Enterprise ဖြစ်ဖြစ် ပြောင်းချင်တယ်ဆိုရင်လည်း ရပါတယ်၊ ကျနော်တို့ အခမဲ့ ပြောင်းပေးမှာပါ၊ Windows အသစ်ပြန်တင်စရာမလိုသလို, Data လည်း မပျက်ပါဘူး။ မိမိပြောင်းချင်တဲ့ Edition ရဲ့ Product Key ကိုတော့ ဝယ်ယူဖို့ လိုအပ်ပါတယ်။
Key ဝယ်ယူချင်တယ် ဆိုရင် ကျနော်တို့ကို ဆက်သွယ်လို့ရပါတယ်။
ကျေးဇူးတင်ပါတယ်၊